top of page
Search

Montblanc Legend အစစ်/အတု ခွဲခြားနည်း

  • Writer: Yangon Branded Perfume Shop
    Yangon Branded Perfume Shop
  • 7 days ago
  • 1 min read

Legend EDT နဲ့ EDP တွေရဲ့အပြင်ပုလင်းခွံနဲ့ ဘူးကို ဘယ်လောက်ပဲ တူအောင် တုထားပါစေ လုံးဝ တုလို့မရတဲ့ လျှို့ဝှက်ချက်ကတော့ Spray Cap (ဖျန်းတဲ့ခလုတ်) အောက်က Atomizer Stem ခေါင်းနေရာပဲ ဖြစ်ပါတယ်ဗျာ။


ကိုယ်ဝယ်ထားတဲ့ ပုလင်းက အစစ် ဟုတ်/မဟုတ် သိချင်ရင် Spray Cap လေးကို အပေါ်ကို တည့်တည့် ဆွဲဖြုတ်လိုက်ပါ။ ပြီးရင် ပုံမှာ မြင်ရတဲ့အတိုင်း အသေးစိတ်ကို သေချာ ယှဉ်ကြည့်ပါ။


အစစ်ဆိုလျှင် ပုံထဲကအတိုင်း အလယ်က ထွက်နေတဲ့ အဖြူရောင် ပလပ်စတစ်ငုတ်လေးက semi-transparent short style sprayer core ပုံစံမျိုး ဖြစ်ရပါမယ်။ ပလပ်စတစ်သားက အချိုးအစား ညီညာပြီး အနားသတ်တွေက လုံးဝ ပြောင်ချောနေရပါမယ်။

အလယ်က အဖြူရောင်ငုတ်လေးကို ဝိုင်းထားတဲ့ Metal Ring အဆင့်ဆင့်ဟာ သေသပ်ညီညာပြီး ပြောင်ချောနေတာကို တွေ့ရပါလိမ့်မယ်။


အတုတွေမှာတော့ အရည်အသွေးညံ့တဲ့ ပလပ်စတစ်ကို သုံးတာမို့လို့ ထိပ်ဝတွေမှာ ပလပ်စတစ် အစအနတွေ ထွက်နေတတ်ပြီး အရောင်ကလည်း အရမ်းဖြူလွန်းတာမျိုး တွေ့ရတတ်ပါတယ်။ ပလပ်စတစ်ငုတ်လေးရဲ့ပုံစံလဲ တူမှာ မဟုတ်ပါဘူး။


ပုံကိုနှိပ်ပြီးပုံကြီးချဲ့ကြည့်ပါ




 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page