top of page
Search

Moonsoon perfume buying guide

  • Writer: Yangon Branded Perfume Shop
    Yangon Branded Perfume Shop
  • Jun 28
  • 2 min read

Updated: Jun 28



// ရေမွှေးစသုံးမယ့်သူတွေရော၊ ဆရာကြီးတွေရောအတွက်ပါ //


# မိုးရာသီမှာ အမိုက်စားရနံ့လေးနဲ့ နေကြမယ် - မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး ရေမွှေးတွေ


ရန်ကုန်ရဲ့ မိုးရာသီက တကယ့်ကို ထူးခြားပါတယ် 😍 မိုးရွာပြီးစ မြေကြီးနံ့လေး၊ ရုတ်တရက် မိုးသည်းပြီးသွားချိန် လမ်းမတွေပေါ်က အငွေ့ပျံလာတာလေးတွေ၊ မိုးပေါက်တွေ သွပ်မိုးပေါ်ကျနေချိန် လက်ဖက်ရည်ဆိုင်က ပန်ကာအောက်မှာ အေးအေးဆေးဆေး ထိုင်နေရတာမျိုးပေါ့။


ရေမွှေးလောကထဲကို စဝင်လာသူပဲဖြစ်ဖြစ်၊ အရင်တည်းက စုနေတဲ့သူပဲဖြစ်ဖြစ်၊ ဒီရေမွှေး ၃ မျိုးကတော့ မြန်မာနိုင်ငံရဲ့ စိုစွတ်တဲ့ မိုးရာသီအတွက် လူတိုင်းနဲ့လဲအဆင်ပြေ အသုံးလည်း အဝင်ဆုံးပါပဲ။


✅ Quiet Confidence ကိုပေးတဲ့ Bleu de Chanel 



ရုံးမှာ တနင်္လာနေ့မနက် ရုံးတက်တာကနေ သောကြာနေ့ည အပြင်ညစာစားတဲ့အထိ အဆင်ပြေတာကတော့ Bleu de Chanel ပါပဲ။


မိုးရာသီရဲ့ စိုစွတ်အိုက်စပ်တဲ့ဒဏ်ကြောင့် ချိုတဲ့ရေမွှေးတွေက အီသွားတတ်ပြီး ပြင်းတဲ့ရေမွှေးတွေက မွန်းကျပ်သွားတတ်ပေမယ့် Bleu ကတော့ သန့်ရှင်းတဲ့ သစ်သားနဲ့ ရှောက်၊ လိမ္မော်ရနံ့လေးမို့ အဲ့လိုပြဿနာတွေကို ရှောင်နိုင်ပါတယ်။


Grapefruit နဲ့ ပူစီနံအနံ့လေးတွေ နွေးထွေးတဲ့ စန္ဒကူးနဲ့ ကေဒါသစ်သားနံ့လေး ပါပါတယ်။ ရာသီဥတုဘယ်လောက်ဆိုးဆိုး အေးအေးဆေးဆေးနဲ့ ယုံကြည်မှုအပြည့် ပေးပါတယ်။


ဒါကြောင့် စသုံးမယ့်သူတွေအတွက်ကတော့ အမှားအယွင်းမရှိတဲ့ ပထမဆုံးအချစ်ပါပဲ။ ဆွတ်ထားလိုက်ရုံနဲ့ လူကြိုက်များမယ့်အနံ့မျိုးပါ။ ရေမွှေးဝါရင့်သူတွေအတွက်လည်း အောက်ခံ labdanum အနံ့လေးက ရှူလေပိုကြိုက်လေ ဖြစ်စေမှာပါ။


Bleu de Chanel EDT 100ml - K 699,000

Bleu de Chanel EDP 100ml - K 779,000

Bleu de Chanel Parfum 100ml - 1,100,000

(Dupe) La Rive Ironstone 100ml - K 97,000


✅ Manly အနံ့လိုချင်သူတွေအတွက် Dior Sauvage 



မိုးရာသီအတွက် ပြတ်သားတဲ့ရနံ့တစ်ခုဆိုရင်တော့ Sauvage က အသင့်တော်ဆုံးပဲ။ ရဲရင့်ပြီး bold ဖြစ်တဲ့ အနံ့မျိုးပါ။ Bergamot နဲ့ pepper ရနံ့က မိုးမရွာခင် လျှပ်စီးလက်သလိုမျိုး ထွက်လာပြီးတော့ Lavender နဲ့ Ambroxan ရနံ့လေးက စိုစွတ်တဲ့ရာသီဥတုမှာ ကိုယ်နဲ့တသားတည်း ကျကျနနလေး တွယ်ကပ်နေပါတယ်။


အရေးကြီးဆုံးက အခုလို စိုထိုင်းဆများတဲ့အချိန်ဆို  Sauvage အနံ့က ပိုပြီးပျံ့လွင့်အားကောင်းပါတယ်။ ရေမွှေးကို ချွေတာသုံးရမယ့် အခုခေတ်မျိုးမှာ သုံးချက် လေးချက်လောက် ဆွတ်ရင်ကို လုံလောက်နေတာက တော်တော်လေး အဆင်ပြေပါတယ်။ တစ်နေ့လုံး အပူချိန်ကြောင့် အနံ့လေး ဖြည်းဖြည်းချင်း ထွက်လာပါလိမ့်မယ်။


Sauvage EDT 100ml - K 599,000

Sauvage EDP 100ml - K 639,000

Sauvage Parfum 100ml - K 629,000

( Dupe ) I Am The King 100ml - K 139,000


✅ Modern Gentleman တွေရဲ့ YSL Y 



ပန်းသီးနဲ့ ချင်း (ဂျင်း) ရဲ့ လန်းဆန်းတဲ့အနံ့လေးနဲ့ စတင်ထားပြီး Geranium နဲ့ Sage ကြောင့် မိုးရာသီမှာ သစ်ပင်တွေ စိမ်းလန်းနေသလို ခံစားချက်မျိုး ရစေပါတယ်။ အောက်ခံ Ambergris နဲ့ Cedar ကြောင့် တိတ်ဆိတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့လေး ကျန်ခဲ့ပါတယ်။


Y ရဲ့ အထူးခြားဆုံးအချက်ကတော့ နေရာတကာ အသုံးဝင်တာပါပဲ။ ရုံးမှာပဲဖြစ်ဖြစ်၊ ၁၉ လမ်းက စားသောက်ဆိုင်မှာ ဒိတ်လုပ်တာပဲဖြစ်ဖြစ်၊ မိသားစု ညစာစားပွဲမှာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။


အနံ့က မပြင်းလွန်း၊ မပျော့လွန်းပါဘူး။ စသုံးတဲ့သူတွေတောင် ရေမွှေးအကြောင်း ကောင်းကောင်းနားလည်တဲ့သူလို ထင်ရစေပါတယ်။ ဝါရင့်သူတွေကတော့ citrus ရေမွှေးပါးပါးလေးတစ်ခုပေါ်မှာ ထပ်ဆွတ်ကြည့်ပါ - အိုက်တဲ့ ရာသီဥတုမှာ အနံ့လေး ဘယ်လိုပွင့်ထွက်လာလဲဆိုတာ တွေ့ရပါလိမ့်မယ်။ 


EDP / EDT နှစ်မျိုးလုံးကောင်းပေမဲ့ ကျနော်ကတော့ EDT ကိုပိုကြိုက်လို့ အဲ့ဒါပဲသုံးပါတယ်။


Y EDP 100ml - K 539,000

Y EDT 100ml - K 439,000

Y Le Parfum 100ml - K 599,000

( Dupe ) Lattafa Fakhar Black 100ml - K 149,000


☔ 

ကဲ မိုးတွေကတော့ ရွာနေပါပြီ။ ဒီရေမွှေး ၃ မျိုးစလုံးက မိုးရာသီအတွက် ready in stock အဆင်သင့်ပါပဲ။ ဘယ်တစ်ခုကို ရွေးမလဲဆိုတာပဲ ကျန်ပါတော့တယ် 😅


စျေးသိပ်မများဘဲနဲ့ ရေမွှေးပုံမှန်သုံးနေကြသူတွေမဟုတ်ရင်မသိတဲ့ အနံ့ကောင်း စျေးသင့်တဲ့ ရေမွှေးလေးတွေအများကြီးရှိပါတယ်။ ရေမွှေးနဲ့ပတ်သက်ပြီး အကြံတောင်းချင်တယ်ဆိုရင် Customer Service Viber 0943065356 ကိုအချိန်မရွေး message ပို့ပြီးမေးနိုင်ပါတယ်။

 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page