top of page
Search

Afnan ရဲ့ နာမည်ကြီး 9 Series ရေမွှေးသုံးမျိုးအကြောင်း Brief Review

  • Writer: Yangon Branded Perfume Shop
    Yangon Branded Perfume Shop
  • Jul 8
  • 1 min read



Afnan ရဲ့ နာမည်ကြီး 9 Series ရေမွှေးသုံးမျိုးအကြောင်း Brief Review


စီးပွားရေးအခြေအနေအရ budget လည်းချွေတာချင်တယ်၊ long lasting လည်း ကောင်းကောင်းလိုချင်တယ်ဆိုရင် ဒါတွေက တကယ့်ကို တန်ဖိုးရှိတဲ့ ရွေးချယ်မှုတွေပါပဲ။


9AM Dive ///

အခုလို ဇူလိုင်လ မိုးရာသီရဲ့ အုံ့မှိုင်းစိုစွတ်ပြီး အိုက်စပ်စပ်ဖြစ်နေတဲ့ ရာသီဥတုမျိုးမှာ အသင့်တော်ဆုံးပဲ။ Citrus နဲ့ Aquatic အေးအေးလေးမို့ ဆွတ်လိုက်တာနဲ့ တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွသွားစေမယ့် vibe မျိုး ပေးပါတယ်။ နေ့ခင်းဘက် ရုံးသွား ကျောင်းသွား သုံးဖို့ အလွန်အဆင်ပြေပါတယ်။


9PM /// 

လူကြိုက်အများဆုံး budget အမျိုးသားရေမွှေး တစ်ခုပေါ့။ Apple နဲ့ Vanilla အချိုနံ့ကိုမှ Spice အနံ့စပ်စပ်လေးပါလို့ ဆွဲဆောင်မှုအပြည့်ရှိပြီး ညဘက် party ပွဲတွေ၊ date night တွေအတွက် အထူးပဲ သင့်တော်ပါတယ်။ အနံ့စွဲတာလည်း ရှယ်ခံတာမို့ အခုလိုခေတ်မှာ ပိုက်ဆံပေးရတာ တကယ့်ကို တန်စေရမယ်။


9PM Rebel /// 

9PM ပုံမှန်ဗားရှင်းထက် ပိုပြီး Fruity ဘက်ကို သွားပါတယ်။ Pineapple အနံ့ အဓိကထွက်ပြီး Caramel နဲ့ Wood vibe လေးပါဝင်လို့ ပိုပြီး playful ဖြစ်တဲ့ ယောကျာ်းပီသမှုကို ပေးပါတယ်။ ရာသီဥတုမရွေး ညဘက်တွေမှာ ထင်ပေါ်စေမယ့် ရေမွှေးအသစ်လေးပါ။


📍 သတိပြုဖို့ တချက်က ဒါတွေက budget clone ရေမွှေးတွေဖြစ်တဲ့အတွက် အနံ့ထွက်ပုံ ညက်ညောမှုပိုင်းမှာတော့ designer ရေမွှေး brand တွေလောက် scent profile က မချောမွေ့တာမျိုး (အနည်းငယ် စူးတာမျိုး) ဖြစ်နိုင်ပါတယ်။


🌿 အခြေအနေအရ budget ချွေတာချင်ရင် ဒါတွေက တန်ဖိုးရှိတဲ့ ရွေးချယ်မှုဖြစ်ပေမယ့် တကယ်လို့ နည်းနည်း budget ပို အိုကေ နိုင်တယ်ဆိုရင်တော့ ပိုက်ဆံလေး နည်းနည်းပိုသုံးပြီး အရည်အသွေး ပိုမိုကောင်းမွန်တဲ့ European brand designer ရေမွှေးတွေကို ရွေးတာက ပိုပြီး စိတ်ကျေနပ်မှု ရစေမှာပါ။


စျေးသိပ်မများဘဲနဲ့ ရေမွှေးပုံမှန်သုံးနေကြသူတွေမဟုတ်ရင်မသိတဲ့ အနံ့ကောင်း စျေးသင့်တဲ့ ရေမွှေးလေးတွေအများကြီးရှိပါတယ်။ ရေမွှေးနဲ့ပတ်သက်ပြီး အကြံတောင်းချင်တယ်ဆိုရင် Customer Service Viber 0943065356 ကိုအချိန်မရွေး message ပို့ပြီးမေးနိုင်ပါတယ်။


📶 Customer Service Viber @ 0943065356

📶 One Click Contact @ viber://chat?number=95943065356


Blog post -






 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page