top of page
Search

Quiet Girl လေးတွေနဲ့ အလိုက်ဖက်ဆုံး ရေမွှေး ၇ မျိုး

  • Writer: Yangon Branded Perfume Shop
    Yangon Branded Perfume Shop
  • Jun 30
  • 2 min read


လူကြားထဲ ထင်ထင်ပေါ်ပေါ်မနေချင်ဘဲ ကိုယ့်အနံ့လေးနဲ့ကိုယ် သီးသန့်ဆန်ဆန် အေးအေးလူလူ နေတတ်တဲ့ quiet girl လေးတွေအတွက် ရာသီဥတုနဲ့လည်း ကိုက်ညီပြီး စိတ်ကို ကြည်လင်စေမယ့် ရေမွှေးအေးအေးလေး ၇ မျိုးကို ရွေးချယ်ပေးလိုက်ပါတယ်။


✅ Maison Margiela Whispers in the Library 

🌿 စာအုပ်နံ့သင်းသင်းလေးနဲ့ ဝက်စ် (wax)၊ ဗနီလာရနံ့လေးတွေ ပေါင်းထားလို့ quiet girl လေးတွေရဲ့ စာဖတ်ခန်းထဲက ဆိတ်ငြိမ်အေးချမ်းတဲ့ vibe မျိုးကို ပေးပါတယ်။ လူကြားထဲ ထင်ထင်ပေါ်ပေါ်ကြီး မဟုတ်ဘဲ ကိုယ့်အနားကပ်လာမှ စိတ်ဝင်စားစရာ ရနံ့ဆန်းဆန်းလေးအဖြစ် ခံစားရမှာပါ။


✅ Burberry High Tea

🌿 နာမည်လေးအတိုင်းပဲ တကယ့်ကို အဆင့်အတန်းရှိတဲ့ quiet luxury ရဲ့ အထာကျကျ တည်ငြိမ်မှုမျိုးကို ခံစားရစေပြီး အခုလို မိုးရွာတဲ့နေ့တွေမှာ ဆွတ်ထားရင် စိတ်ကို အေးချမ်းပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။


✅ Elizabeth Arden White Tea EDP

🌿 Green Tea ထက် ပိုပြီး နူးညံ့ပြီး တည်ငြိမ်တဲ့ အဖြူရောင်လက်ဖက်ခြောက်ရနံ့ သန့်သန့်လေး ဖြစ်ပါတယ်။ အသားနဲ့တစ်ထပ်တည်းကျတဲ့ skin scent မျိုးမို့ အမွှေးနံ့သန့်သန့်လေး ကြိုက်တဲ့ quiet girl လေးတွေအတွက် နေ့တိုင်းဆွတ်ဖို့ အကောင်းဆုံးပါပဲ။

Full review 👉 


✅ Miss Dior Blooming Bouquet

🌿 ပန်းရနံ့နုနုလေးတွေကိုမှ နူးနူးညံ့ညံ့နဲ့ ယဉ်ယဉ်လေး မွှေးတာ ကြိုက်တတ်တဲ့ မိန်းကလေးတွေအတွက်ပါ။ သိပ်မပြင်းဘဲ သင်းသင်းလေးနဲ့ မိန်းကလေးဆန်တဲ့ အငွေ့အသက်ကို ပေးလို့ မိုးတွင်းရဲ့ ထိုင်းမှိုင်းမှုကို ပျောက်စေပါတယ်။

Full review 👉 


✅ Chanel Chance Eau Fraiche

🌿 Citron နဲ့ Jasmin ရနံ့လေးတွေ ပေါင်းထားပြီး အရမ်းကို fresh ဖြစ်တဲ့ အနံ့အေးလေးပါ။ မိုးရွာလို့ လေထုထဲ စိုထိုင်းဆများပြီး အိုက်စပ်စပ်ဖြစ်နေတဲ့အချိန်မှာ ဆွတ်လိုက်ရင် စိတ်ကို ချက်ချင်းလန်းဆန်းသွားစေပြီး ဘေးလူကို အနှောင့်အယှက် မဖြစ်စေပါဘူး။

Full review 👉 


✅ YSL Mon Paris

🌿 ပုံမှန်ဆို ချိုအိပေမဲ့ စွတ်စိုအေးစိမ့်တဲ့ မိုးရွာတဲ့နေ့မျိုးမှာ ဆွတ်လိုက်ရင်တော့ ခပ်ပါးပါးနဲ့ ယဉ်ယဉ်လေး ဆွဲဆောင်မှုရှိတဲ့ Strawberry နဲ့ Floral vibe လေးကို ပေးပါတယ်။ ကိုယ့်အနားကပ်မှ ရမယ့် ရနံ့သင်းသင်းလေးမို့ သီးသန့်ဆန်ဆန် နေတတ်တဲ့ quiet girl လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

Full review 👉 


✅ Guess Eau De Parfum 

🌿 မိန်းကလေးဆန်ဆန် ယဉ်ယဉ်လေးနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ fruity-floral အနံ့လေးမို့ နေ့တိုင်းဆွတ်ဖို့ အဆင်ပြေပါတယ်။ ဈေးနှုန်းအားဖြင့်လည်း အများကြီးသက်သာတာမို့ ဘတ်ဂျက်အတွက် အဆင်ပြေဆုံး ရွေးချယ်မှုတစ်ခုပါ။


🛒🛒

(ရန်ကုန်) ဗိုလ်တထောင်မြို့နယ် / ပုစွန်တောင်မြို့နယ် / ကျောက်တံတားမြို့နယ် / လသာမြို့နယ် / လမ်းမတော်မြို့နယ် / ပန်းဘဲတန်းမြို့နယ် / Junction City / Sakura Tower / UFC Tower / Sule Square နဲ့ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် တွေဆိုရင်တော့ အိမ်ရောက် ငွေရှင်းစနစ်နဲ့ပို့ပေးပါတယ်။ ပို့ခ ၄၅၀၀ ပါ။ ဒီနေ့မှာ ဒီညနေ ဒါမမဟုတ် မနက်ဖြန်ရောက်ပါတယ်။


// တခြားမြို့နယ်တွေ နယ်မြို့တွေကိုတော့ MGL / Royal Express delivery company တွေနဲ့ ရေမွှေးအတွက်ငွေကြိုရှင်း စံနစ် နဲ့ပဲပို့ပေးပါတယ်။ ပို့ခ နဲ့ ကြာချိန် မြို့နယ်အလိုက် ကွာပါတယ်။ Payment ကို Kpay AYAPAY KBZ AYA CB mobile banking တွေနဲ့ ရှင်းပေးလို့ရပါတယ်။ 


// ရန်ကုန်က ဝယ်ချင်သူတွေဆိုရင် (full size ပုလင်းတွေဆိုရင်) ရန်ကုန်အိမ်မှာ ကိုယ်တိုင်လာဝယ်လို့လည်းရပါတယ်။


📶 Customer Service Viber @ 0943065356

📶 One Click Contact @ viber://chat?number=95943065356








 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page